တောင်သာ အောက်တိုဘာ ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ ဦးနု၏ လူငယ်တို့ သိကောင်းစရာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်း ရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)အား အထူးကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များက စာရေးဆရာဦးနု၏ လူငယ်တို့ သိကောင်းစရာစာအုပ်တွင် ပါဝင်သည့် မြန်မာ့လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပုံ၊ ဘိုးဘွားများ၊ မိဘများသဖွယ်ဖြစ်သော အာဇာနည် မျိုးချစ်ပုဂ္ဂိုလ်ကြီးများ၏ သွေးချွေးများဖြင့် ရင်းနှီးကာ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ကြပုံတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)