တောင်ဥက္ကလာပ အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက တိုင်းရင်းဆေးကုဌာနက ဦးဆောင်၍ ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာခရိုင်တိုင်းရင်းဆေးမှူး ဒေါ်မာစီ၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စောကလျာမျိုးတို့ကမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ လူအများဖြစ်တက်သော ကျန်းမာရေးဆိုင်ရာရောဂါများအား လက်တွေ့စမ်းသပ်ကုသပေးခြင်းများ ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို မြို့နယ် အတွင်းဆက်လက်ဟောပြောခြင်းနှင့်ကုသခြင်းများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
သက်မင်းဟန်(ပြန်/ဆက်)