လှည်းကူး အောက်တိုဘာ ၂၄
ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ပံ့ပိုးများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၊ ရန်ကုန်အရိုးအထူးကုဆေးရုံကြီး၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနပူးပေါင်း၍ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှုအစီအစဉ်ကို အောက်တိုဘာလ (၂၃) ရက်နေ့၌ ဒါးပိန် တိုက်နယ်ဆေးရုံ၊ လှည်းကူးမြို့နယ်တွင် ဆောင်ရွက်ခဲ့ရာ အထွေထွေရောဂါသမားတော်ဌာန၊ အထွေထွေခွဲစိတ်ဌာန၊ သားဖွားမီးယပ်အထူးကုဌာန၊ ကလေးရောဂါအထူးကုဌာန၊ ဆီးချိုနှင့်သွေးချိုအထူးကုဌာန၊ အရိုးအထူးကုဌာန၊ သွားနှင့်ခံတွင်း အထူးကုဌာန၊ အရေပြားအထူးကုဌာန၊ ဓါတ်မှန်ဌာနနှင့် တီဘီရောဂါတိုက်ဖျက်ရေးဌာန စသည့် ဘာသာရပ် (၁၀)ခုမှ လူနာစုစုပေါင်း (၈၂၃)ဦးအားကြည့်ရှုကုသပေး၍ ဆေးနှင့် ဆေးပစ္စည်းများလည်းအခမဲ့ထောက်ပံ့ပေးသည်။
ထို့အပြင် ကလေးလူနာ (၁) ဦးအား ဆေးရုံတင်၍ ကုသပေးခဲ့ပြီး၊ VIA (Visual Inspection using acetic acid) – နည်းလမ်းဖြင့် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးခြင်း (၇၀) ဦး၊ တီဘီ လူနာသစ် (၅)ဦး၊ လွှဲပြောင်းလူနာ (၇၉)ဦးအားသက်ဆိုင်ရာ ဆေးရုံများသို ကုသမှုခံယူရန် လွှဲပြောင်းပေးပြီး ရွေ့လျား ဓာတ်မှန်စက်ဖြင့် ရင်ဘတ်ဓာတ်မှန်ရိုက်ကူးခြင်းသူ (၁၅၄)ဦး၊ တယ်လီဗီးရှင်း ဓာတ်မှန် ရိုက်ကူးသူ (၇၀)ဦးနှင့် ပြည်သူလူထု (၂၀၂) ဦးအား ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုး ရောဂါ အကြောင်းသိကောင်းစရာ ကျန်းမာရေးပညာပေး ပြောကြား ခဲ့သည်။ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီးများတွင် အခြေပြု၍ ပြည်သူများလိုအပ်သော ကုသမှုများ ဆောင်ရွက်ပေးနေသည့်အပြင် ပြည်သူများ ကျန်းမာရေး အသုံးစရိတ် လျော့နည်းစေရေး၊ ရောဂါကာကွယ် တားဆီးရေး၊ ရောဂါများ ဆောလျင်စွာ ရှာဖွေ၍ ထိရောက်သော ကုသမှုရရှိရေးနှင့် အချိန်မီ ညွှန်းပို့ကုသပေးရေး ရည်ရွယ်လျက် ကျေးရွာ၊ ရပ်ကွက်များအထိ ကွင်းဆင်း၍ ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်