မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မိတ္ထီလာ အောက်တိုဘာ ၂၅

မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲမစတင်မီ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသူ/ကျောင်းသား ၁၁၄ ပါဦးက ပါဝင်ယှဉ်ပြိုင်ကြသည်။

ပါဝင်ယှဉ်ပြိုင်သူများထဲမှ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သူ ၅ ဦးအား အကဲဖြတ်ဒိုင်အဖွဲ့က ပြိုင်ပွဲစည်းကမ်းချက်များနှင့်အညီ အကဲဖြတ်၍ ဆုချီးမြှင့်ရန် ရွေးချယ်မည်ဖြစ်သည်။ အဆိုပါ ဆုရရှိသူများအား အောက်တိုဘာလ ၂၉ ရက်နေ့တွင် အထက(၁)၌ကျင်းပမည့် ခရိုင်ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုချီးမြှင့်မည် ဖြစ်သည်။

ချမ်းသာ