ဟိုပုံး အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိရာ အလှူရှင်များကလည်း လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းပေးလျက်ရှိပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
အဆိုပါစာမေးပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်များက ဝင်ရောက် ဖြေဆိုလျက်ရှိပြီး ဥပစာတန်း ရဟန်း၊ သာမဏေ၊ သီလရှင်(၁၀၀)ပါး၊ မူလတန်း ရဟန်း၊ သာမဏေ၊ သီလရှင်(၂၉၃)ပါး၊ ပထမဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၁၄၄၄)ပါး၊ ဒုတိယဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၆၉၆)ပါး၊ တတိယဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၂၃၉)ပါး စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင်(၂၇၇၂)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာအောင်သံဃာတော်များအား ဆွမ်းဆန်လောင်းလှူပွဲနှင့် ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းပွဲတို့ကို အောက်တိုဘာလ(၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)