ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့သည် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ (၂၃) ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ဟိုတယ်ဇုန်ရှိ Inle Garden Hotel သို့ရောက်ရှိပြီး အင်းလေးဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် စံကားတိုက်နယ်ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသည့် ဒေသခံပြည်သူများကို ကြည့်ရှုအားပေးစကားပြောကြားပြီး ဆေး ရုံဝန်းအတွင်း လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် စံကားအခြေခံပညာအထက်တန်းကျောင်းနှင့် မှော်ဘီအခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ဆရာ/ဆရာမများနှင့်တွေ့ဆုံပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် နန်းပန်မြို့ ပြည်သူ့ဆေးရုံနှင့် အားကစားရုံများအား သွားရောက်ကြည့်ရှု့၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ