တနိုင်း အောက်တိုဘာ ၂၄
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ "စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား ဒေသကွပ်ကဲမှု (စစ်ဌာနချုပ်) တနိုင်းဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ဖုန်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၊ ခရိုင်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝါဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ကျင်းပရာ တနိုင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက “ပန်းတိုင်းပွင့်စေ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက် ဒေသကွပ်ကဲမှု (စစ်ဌာနချုပ်) တနိုင်းဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ဖုန်းအောင်က အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူမောင်မယ်များအနေဖြင့် စာပေလေ့လာလိုက်စားတဲ့ အလေ့အထကောင်းတွေရရှိစေဖို့ ယခုအချိန်မှာ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်တဲ့ နေရာကတော့ စာကြည့်တိုက်များပဲဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးအနေနဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေတာဖြစ်ကြောင်း၊စာအုပ်စာပေဆိုသည်မှာ မည်မျှပင်ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊မလေ့လာရသေးပါက အသစ်ပဲဖြစ်ကြောင်း၊စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲက "စာမဖတ်သူသည် ထိုင်နေသည့် လူနှင့်တူကြောင်း""စာတတ်ပြီး စာမဖတ်သူသည် ရပ်နေသည့် လူနှင့်တူကြောင်း၊ "စာတတ်ပြီး စာလည်းဖတ်သူမှာ လမ်းလျှောက်နေသူနှင့် တူကြောင်း"လို့ စာပေရဲ့အကျိုးကျေးဇူးကို ဖော်ညွှန်းပြောကြားခဲ့တာကိုလည်း မှတ်သားရမှာ ဖြစ်ကြောင်း လူငယ်တွေကိုလည်း စာပေရဲ့တန်ဖိုးကို နားလည်စေချင်ကြောင်း၊ စာပေက ပေးတဲ့အတွေးအခေါ် အသိပညာဗဟုသုတတွေဟာ ဘယ်တော့မှ ပျောက်ကွယ်သွားရိုးမရှိသလို လက်တွေ့ဘဝနယ်ပယ်မှာလည်း မိမိရဲ့ အသိပညာဗဟုသုတနဲ့ အတွေ့အကြုံတွေ၊မိမိလေ့လာဖတ်ရှုခဲ့တဲ့ စာကောင်းပေမွန်ကရတဲ့ စာပေတန်ဖိုးတွေကို ပြန်လည်အသုံးချသွားမယ်ဆိုရင် အနာဂတ်မှာ မိမိနိုင်ငံ၊မိမိတိုင်းဒေသကြီး ၊မိမိမြို့နယ်က အားထားရတဲ့ခေါင်းဆောင်တွေ ဖြစ်လာကြမှာ ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒေသကွပ်ကဲမှု(စစ်ဌာနချုပ်) တနိုင်းဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ဖုန်းအောင်၊ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးတို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျပန်းစကားပြောပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထဆုရရှိသူများအား ဆုများချီးမြှင့်ပြီး ဒေသကွပ်ကဲရေးမှူးမှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် အလှူငွေ (၁၀) သိန်းလှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက လက်ခံရယူသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွက် စာအုပ် (၂)သိန်းဖိုး လှူဒါန်းရာ ကျောင်အုပ်ဆရာမကြီး ဒေါ်တင်လှိုင်မှ လက်ခံရယူခဲ့သည်။
ယင်းနောက် အထက-၂ ကျောင်းသူလေးများက "မေ့မရတဲ့မြေ"တေးသီချင်းအကနှင့် အထက-၁ ကျောင်းသူလေးများက ပွင့်သောပန်းတိုင်း လှစေသည်"အကဖြင့် ဖျော်ဖြေတင်ဆကြသည်။
ဆက်လက်၍ ဒေသကွပ်ကဲမှု(စစ်ဌာနချုပ်)တနိုင်း ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ဖုန်းအောင်၊ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမိုးဇော်လင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့က ခင်းကျင်းပြသထားသည့် ဓာတ်ပုံမှတ်တမ်းများ၊နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြခန်းများ၊ သင်ထောက်ကူပြခန်းများ ပြသထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် Grade-5မှ Grade-9 ထိ ပထမဆုရရှိသည့် ကျောင်းသား၊ကျောင်းသူ(၅)ဦးတို့က အင်္ဂလိပ်စာအပြောစွမ်းရည် (Speaking Skill) တင်ဆက်ခြင်း၊ အင်္ဂလိပ်အပြောစွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ အားကစားပြိုင်ပွဲတွင် ဆုရရှိသူများ၊ သင်ထောက်ကူပြခန်းအဖွဲ့များနှင့် အကအဖွဲ့များအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
မနောမြေ(တနိုင်း)