လှည်းကူးမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေး

လှည်းကူး အောက်တိုဘာလ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂၁ ရက်နေ့နံနက်(၁၀:၃၀)နာရီက အဆိုပါရုံး၌ ပြုလုပ်သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသိန်းထိုက်ဦးက လုပ်ငန်းရှင်များအား အခွန်ကဏ္ဍတစ်ရပ်ချင်းအလိုက် သိကောင်းစရာများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးရာ မြို့နယ်အဆင့်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်အခွန်ထမ်းဦးရေ စုစုပေါင်း(၅၈)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

အေးအေးနွဲ့(လှည်းကူး)