ပုဇွန်တောင်မြို့နယ်၌ ပုဂ္ဂလိကဆေးခန်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများ၊ ဟိုတယ်လုပ်ငန်းများ သတ်မှတ်လုပ်ငန်းလိုင်စင် ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

ပုဇွန်တောင် အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့သည် မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးခန်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများ၊ ဟိုတယ်လုပ်ငန်းများ သတ်မှတ်လုပ်ငန်းလိုင်စင်ရှိ/မရှိ ယမန်နေ့နေ့လယ်ပိုင်းက ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ပုဇွန်တောင်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝ လုံခြုံမှုရှိစေရေးတို့အတွက် မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဆေးခန်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်ကျောင်းများ၊ ဟိုတယ်လုပ်ငန်းများအနေဖြင့် သတ်မှတ်လုပ်ငန်းလိုင်စင် ရှိ/ မရှိနှင့် တရားမဝင်လုပ်ငန်းဆောင်ရွက်မှုများ မရှိစေရေး ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့မှ ရှောင်တခင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်