မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၄)အခြေခံပညာ‌ အလယ်တန်းကျောင်းတွင် ကျန်းမာရေး အသိပညာပေးဟောပြော

မြောက်ဥက္ကလာပ အောက်တိုဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၄)အခြေခံပညာ‌အလယ်တန်းကျောင်းတွင် ကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြ‌‌သည်။

ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်သော်နှင့် တာ၀န်ရှိသူများက အမှတ်(၄)အခြေခံပညာ‌ အလယ်တန်းကျောင်းရှိ ကျောင်းသူများအား သွေးအားနည်းရောဂါအကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြ‌ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)