နမ့်စန်(တ) အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီခွဲက ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(ဟိုက်ဖတ်)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ ဖြစ်ကြသည့် မနော်ဟေပလူထူးနှင့် မနှင်းဆုလှိုင်တို့က လူငယ်နှင့်ကိုယ်ကျင့်တရား၊ မနန်းရှန်မွန်းနှင့် မချိုချိုအေးတို့က လူငယ်နှင့်မူးယစ်ဆေး၊ မနွယ်လင်းဦးနှင့် မောင်ဟိန်းမင်းဝေတို့က လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် အထက(ဟိုက်ဖတ်)မှကျောင်းအုပ် ဆရာမကြီး ဒေါ်ဥမ္မာအောင်တို့က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)