ပင်းတယ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ယနေ့နံနက် ၉ နာရီအချိန်က ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေများ ဖော်ဆောင် ရေးအတွက်" ဆေးလိပ်ငွေ့ ကင်းစင် ပင်းတယတစ်ခွင်’’ ဆိုင်းဘုတ်ပိုစတာ စိုက်ထူပွဲအားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆိုင်း ဘုတ်အား ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအုပ်ကြီးဒေါက်တာရန်နိုင် မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးအစည်းအဝေး ခန်းမ (၁) တွင် ဆေးလိပ်ငွေ့ ကင်းစင်ရေးနယ်မြေများဖော်ဆောင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာရှမ်းပြည်နယ် လူမှုရေးရာ ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်ယနေ့ပြုလုပ်တဲ့ ဆေးလိပ်ငွေ့ကင်းစင် နယ်မြေများထူထောင်ရခြင်းကတော့ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်းဖြင့် ကျန်းမာရေးကိုထိခိုက်နိုင်ကြောင်း ပိုမိုသိရှိစေရန်၊ ဆေးလိပ်ငွေ့ကြောင့်ပတ်ဝန်းကျင်ရှိ အခြားသူများကို ကျန်းမာရေးထိခိုက်နိုင်စေသဖြင့် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ၊ မြို့များဖြစ်ပေါ်လာစေရန် ရည်ရွယ်ကျင်းပ ပြလုပ်ရခြင်း ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားပေးသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌမှ ပင်းတယ မြို့နယ်တွင် ဆေးလိပ် ငွေ့ကင်းစင်နယ်မြေအဖြစ် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှ စ၍ ပင်းတယမြို့ ရွှေဥမင်လှိုဏ်ဂူကိုသတ်မှတ်ကာကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ဂေါပကအဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ ပင်းတယမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင်ကုံလုံစဉ်စံကျောင်းအား ဆေးလိပ်ငွေ့ကင်းစင်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ပင်းတယမြို့နယ်ရှိ ပြည်သူများသိရှိလိုက်နာစေရန်အတွက် ကျောင်းများ၊ မြို့နယ်အားကစားကွင်း၊ဆေးလိပ်သောက်ခွင့်မရှိသော နေရာများ၊ ဓမ္မစကူးကျောင်းများ၊ပွဲတော်များ၊ ဟိုတယ်နှင့်စားသောက်ဆိုင်များတွင် ဆေးလိပ်ငွေ့ ကင်းစင်ဆိုင်းဘုတ် ချိတ်ဆွဲထားခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊၂၀၂၂ ခုနှစ်တွင် ပင်းတယမြို့ပေါ်ရှိစေတီကြီးဘုန်းတော်ကြီးကျောင်း နှင့်မြို့နယ်ဓမ္မာရုံတို့ကို ဆေးလိပ်ငွေ့ကင်းစင် နယ်မြေအဖြစ် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ကာ ပင်းတယမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေများ တိုးချဲ့ဖော်ဆောင်ပြုလုပ်သွားမည် အခြေအနေများနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်ပြည်သူကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက smoke free award ဆုနှင့်ပတ်သက်၍ လည်းကောင်း၊ ပင်းတယမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ပင်းတယမြို့နယ်တွင် smoke free activities ဆောင်ရွက်ထားမှုအခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပေးသည်။
၎င်းနောက် အခမ်းအနားသို့တက်ရောက်လာကြသူများက ပင်းတယမြို့နယ် တွင်ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများ တိုးချဲ့ဖော်ဆောင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြ ကြောင်းသိရပြီး၊အခမ်းအနားအပြီးတွင် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပင်းတယမြို့နယ်ကျန်းမာရေးဦးစီးဌာနမှပြသပေးထားသည့် ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် လက်ကမ်းစာ စောင်များ၊စာအုပ်/စာစောင်တို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)