ရန်ကုန် အောက်တိုဘာ ၂၂
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူး၍ YCDC INVITATION FUTSAL CUP 2025 ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ YCDC Sports Complex Centre တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်း နေရာယူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပရိတ်သတ်များနှင့် တာဝန်ရှိသူများက YCDC INVITATION FUTSAL CUP 2025 အဖွင့်ပွဲစဉ်အဖြစ် YCDC MARGA FC အသင်းနှင့် BURMESES WARRIORS FC အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။
အဆိုပါ YCDC INVITATION FUTSAL CUP 2025 ပြိုင်ပွဲကို အောက်တိုဘာလ(၂၂)ရက်နေ့မှ နိုဝင်ဘာလ(၇)ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း(၃၂)သင်းတို့ဖြင့် အုပ်စုပတ်လည် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့နယ်၊ YCDC Sports Complex Centre အနီး ကမာကြည်လမ်းနှင့် မြဝတ်ရည်လမ်းထောင့် ငမိုးရိပ်ချောင်းဘေးရှိ ပန်းခြံတွင် အလှပန်းပင်များ စိုက်ပျိုးထားရှိမှု၊ သစ်ပင်ပန်းမာန် များ စိမ်းလန်းစိုပြေရေး ဆောင်ရွက်ထားရှိမှု၊ သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှုနှင့် လူသွားစင်္ကြန် ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ YCDC Sports Complex Centre အတွင်းရှိ ရိုးရာခြင်းလုံးကစားကွင်း ပိုက်ကျော်ခြင်းကွင်းများ တည်ဆောက်ပြီးစီးမှု၊ ဘော်လီဘော အားကစားကွင်း တည်ဆောက်ပြီးစီမှု၊ ဘတ်စကတ်ဘောအားကစားကွင်း တည်ဆောက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)