မိုင်းယန်း အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာ၌ စိုက်ပျိုးထားသော မိုးစပါး(ဆင်းရွှေဝါ) စပါးမျိုးစံပြစိုက်ကွက် ရိတ်သိမ်းခြင်း ကို အောက်တိုဘာ ၂၂ ရက် နံနက် ၁၀ နာရီက ယန်းခိုင်ကျေးရွာနေ ဦးပိုင်တောင်သူ ဦးအိုက်ဆမ်၏ လယ်မြေ၌ ဆောင်ရွက်သည်။
အဆိုပါ မိုးစပါးစိုက်ကွက်ရိတ်သိမ်းမှုအား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများတို့မှ ယန်းခိုင်အနောက်ကွင်း၊ ကွင်းအမှတ်(၅/၂)၊ ဦးပိုင်တောင်သူ ဦးအိုက်ဆမ်၏ လယ်(၂.၆၆)ဧကအတွင်း မိုးစပါး(ဆင်းရွှေဝါ) စပါးမျိုးစံပြစိုက်ကွက်တွင် အထွက်နှုန်းစပါးအစို အထွက်တင်း (၁၃၂.၇၇)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းထူး