မိုးနဲမြို့နယ်၌ (၁၄)ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲလှည့်လည်

မိုးနဲ   အောက်တိုဘာ   ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၄)ကြိမ်မြောက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များစုပေါင်းဘုံမဟာကထိန်စီတန်းလှည့်လည်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဟော်ဝင်းစုရပ် နေရာမှ စတင်၍ စည်ကားသိုက်မြိုက်စွာလှည့် လည်ခဲ့ကြောင်းသိရသည်။

ထိုသို့လှည့်လည်ရာတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီမှအဖွဲ့ဝင်များ ၊ မြို့နယ် ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊မြို့မိမြို့ဖများနှင့်ယဉ်ကျေး မှုအက အဖွဲ့တို့က မိုးနဲမြို့ဟော်နန်းစုရပ်မှ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စု လမ်းအတိုင်း ထိုမှတဆင့် မိုးနဲ-မောက်မယ်လမ်း မှဥယျာဉ်ရပ်ကွက်ရှိ ဆင်တောင်ဘုန်း တော်ကြီးကျောင်းသို့ ဌာနဆိုင်ရာများ၏ စုပေါင်းပဒေသာပင်များ၊အိုးစည် ဗုံမောင်းများနှင့် တိုင်းရင်းသားရိုး ရာအဖွဲ့များက လမ်းတစ်လျှေက် စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ ကြသည်။

ယနေ့ ဆင်တောင်ကျောင်းတိုက်၌ ကျင်းပသည့် မြို့နယ်ဌာနဆိုင်ရာများ၏ (၁၄)အကြိမ် မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲတော်တွင် လှူဒါန်းနိုင်ခဲ့သော လှူဒါန်းမှု စုစုပေါင်းမှာ ပဒေသာပင်ရှိ ပစ္စည်းတန်ဖိုးနှင့်ငွေသားတန်ဖိုးစုစုပေါင်းကျပ် ၁၃၄၉၂၅၀၀ တိတိဖြစ် ကြောင်းသိရ သည်။

မျိုးညွန့်ရွှေ(မိုးနဲ)