ကျိုက်မရော အောက်တိုဘာ ၂
ကျိုက်မရောမြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုုးရေးဘဏ် (ခွဲ) မှ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ရာသီအလိုက် ထုတ်ပေးလျက်ရှိရာ အောက်တိုဘာ ၂၂ ရက် နံနက် ၉နာရီမှစတင်ကာ တောင်သူများထံ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရော ဘဏ်ခွဲ အနေဖြင့် ချေး ငွေ စတင်.ထုတ်ချေးပေးသည့် ပထမနေ့တွင် ကျိုက်မရော မြို့နယ်အတွင်းရှိ ဦးလေး ကျေးရွာ နှင့်အထရံပေါလော ကျေးရွာရှိ.တောင်သူ(၂၈)ဦး၊စိုက်ဧက. ၂၁၈ ဧကအတွက် ချေးငွေ (၃၂၇၀၀၀၀၀)-ကျပ်၊ ဦးလေးကျေးရွာမှ တောင်သူ ၁၂ ဦး၊စိုက်ဧက (၇၆)ဧကအတွက် ချေးငွေ ကျပ် စုစုပေါင်း (၁၁၄၀၀၀၀၀) ကျပ်တို့ကို အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် တောင်သူဦးကြီးများ လက်ဝယ်အရောက် စနစ်တကျထုတ်ပေးလျက်ရှိပြီး လျာထားချက် ပြည်မီစေရေးအတွက် ဆောင်းသီးနှံစိုက်ပျိုးမည့်ကျေးရွာများအား ဆက်လကိထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေး ဘဏ် (ခွဲ) မန်မေဂျာ ဦးမင်းသက်စံထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)