မိုင်းပန်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းပန် အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၏ ကျောင်းသားမိဘများနှင့် ယနေ့နံနက် ၁၀ နာရီက ကျင်းပလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကွယ်မှ ကျောင်းသား/သူများအတွက် ပညာရေးအပိုင်း တိုးတက်လာစေရန် မိဘများပူးပေါင်းပါဝင် ဆောင်ရွက်သင့်ကြောင်း၊ ကျောင်းတွင်း/ ပြင်ခိုက်ရန်ဖြစ်ပွားမှုမဖြစ်ပွားစေရန် တိုက်တွန်းပေးသင့်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဖုန်းအသုံးပြုခြင်း၏ ဆိုးကျိုးများနှင့် ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း အသီးသီး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)