မိုင်းဖြတ် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသေးစား ထုတ်ကုန်လုပ်ငန်းများဖန်တီပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင် ငွေတိုးပွားစေရန် ရည်ရွယ်၍ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၁ရက်၊ နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးကြီး သန့်လွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှမျိုးက စီမံကိန်းနှင်ပတ်သက်သည့် အခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ဗိုလ်မှူးကြီး သန့်လွင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှမျိုးနှင့် အဖွဲ့ဝင်ဦးထွန်းရွှေတို့က နမ့်လောက်၊ ဟိုနား(စောမွန်)၊ ပါလောင်းကျေးရွာတို့မှ ထူးချွန်သင်တန်းသူများကို လုပ်ငန်းသုံး ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ တာချီလိတ်ခရိုင်၊ အသေးစားစက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ထွေးဝင်းက က သင်တန်းဆင်းလက် မှတ်များကိုပေးအပ်ခဲ့ပြီး သင်းတန်းသူတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများကို ကြည့်ရှုခဲ့ ကြောင်းသိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)