ကျိုင်းတုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့်  လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းများ‌ ဆောင်ရွက်

​ကျိုင်းတုံ အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မှရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွ့စမ်းသပ်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၁ ရက်က  မိုင်းပတ်ထက်ကျေးရွာအုပ်စု၊ ဖပဲကိုကျေးရွာတွင် ကျင်းပသည်။

ဦးစွာ ကျိုင်းတုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုမဲပေးခြင်းဖြင့် တိကျသော မဲရလဒ်များရရှိနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာ ကြေညာနိုင်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မိုင်းပတ်ထက်ကျေးရွာအုပ်စုနှင့် မိုင်းပတ်အောက်ကျေးရွာအုပ်စုများမှ ဒေသခံတိုင်းရင်းသားပြည်သူမဲဆန္ဒရှင်များအား မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် အသိပညာပေးပြောကြားသည်။

ထို့နောက် ဒေသခံတိုင်းရင်းသားပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးကြပြီး သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)