ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ချမ်းအေးသာစံ အောက်တိုဘာ ၂၂

အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေအတွက် ရန်ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းမှ လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၇) ဦးတို့မှ လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့သည်။ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ရာတွင် မောင်ဘုန်းသူရမင်းမှ (လူငယ်နှင့်စာဖတ်ခြင်း) ၊မခင်စုစုလှိုင်မှ (လူငယ်နှင့်မူးယစ်ဆေး)၊ မောင်ဟိဏ်းခန့်စိုးမှ (လူငယ်နှင့် ကျန်းမာရေး)၊ မယွန်းရတီလွင်မှ (အမျိုးသမီးများနှင့် မိန်းကလေးငယ်များအခန်းကဏ္ဍ)၊ မသက်သက်စုမှ (လူငယ်နှင့်အားလပ်ချိန်)၊ မောင်ခွန်သန်းဇော်မှ (လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး) နှင့် မရည်ရွှန်းထက်မှ (လူငယ်နှင့်နည်းပညာ) စတဲ့ခေါင်းစဥ်များဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများအား စဥ်ဆက်မပြက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)