ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သဘာဝဘေး အသိပညာပေး ဟောပြော

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်း ခရိုင် ဦးစီးမှူးရုံး(သန်လျင်)မှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦး H ကံထူးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်သဥ္ဇာဦး ဦးဆောင်၍ ဝန်ထမ်းများမှ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးအန္တရာယ်စသည့် သဘာဝဘေးအန္တရာယ်များအကြောင်း နှင့် ကြိုတင်ပြင်ဆင်ဆောင်ရန်/ ရှောင်ရန်များကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောကြကာ၊  သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ သည်။

အဆိုပါသဘာဝဘေးအသိပညာပေးဟောပြောပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး (သန်လျင်) မှ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အင်အား ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 ဝေယံ(ပြန်/ဆက်)