ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

အင်းစိန်  အောက်တိုဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမွေးမြူရေးဇုန်အတွင်း ပိုင်ရှင် ဦးကဲ၏ ခြံများဖြစ်သည့် အကွက်အမှတ် B 9 ရှိ ခြံတွင် ဥစားကြက် အကောင်ရေ(၅၀၀၀) မွေးမြူထားရှိမှု၊ ဘဲအကောင်ရေ(၄၅၀၀) မွေးမြူထားရှိမှုနှင့် ရေလယ်ရှိ ခြံတွင် ဘဲအကောင်ရေ (၁၀၀၀) မွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း၊ အကွက်အမှတ် B 11 ရှိ ခြံတွင် ဒေသနွား အကောင်ရေ(၆၁)ကောင် မွေးမြူထားရှိမှု အခြေအနေအားလည်းကောင်း၊ အကွက်အမှတ် B 12 ရှိ ခြံတွင် ဆိတ်အကောင်ရေ(၁၅၀) မွေးမြူထားရှိမှုနှင့် ဒေသနွား အကောင်ရေ(၅၀) မွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမွေးမြူရေးဇုန် အကွက်အမှတ် A27 ရှိ SUPER SEVEN STARS AGRI-TECH CO.,LTD မှ ကြက်မွေးမြူနိုင်ရေး မွေးမြူရေးခြံများ တည်ဆောက်နေသည့် အခြေအနေအား လည်းကောင်း၊ ပိုင်ရှင် ဒေါ်ခင်ကျော် ကျော်ဆင့်၏ အကွက်အမှတ် A 18 ရှိ ခြံတွင် ဥစားကြက် အကောင်ရေ(၃၂၀၀) မွေးမြူထားရှိမှု အခြေအနေအား လည်းကောင်း၊ မြတ်မင်းကုမ္ပဏီလီမိတက်မှ အသားတိုးဝက် မွေးမြူနိုင်ရေး မွေးမြူရေးခြံများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ သာယာကုန်း ကုမ္ပဏီလီမိတက်မှ အသားတိုးကြက် မွေးမြူနိုင်ရေး မွေးမြူရေးခြံများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ အား လည်းကောင်း၊ ပိုင်ရှင် ဒေါ်နန်းခမ်းစိမ်း၏ အကွက်အမှတ် A 3 ရှိ ခြံတွင် အသားတိုးကြက် အကောင်ရေ(၅၁၀၀) မွေးမြူထားရှိမှု အခြေအနေအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် တိုးချဲ့မွေးမြူကြရန်နှင့် တိရစ္ဆာန် အစာပင်များ တိုးချဲ့စိုက်ပျိုးကြရန် စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)