ကလောခရိုင်ပြည်သူ့ဆေးရုံကြီးတွင် သုံးထပ်လူနာဆောင်အသစ် ဆောက်လုပ်နိုင်ရေးကွင်းဆင်းဆောင်ရွက်

ကလော       အောက်တိုဘာ     ၂၁

ကလောခရိုင်ပြည်သူ့ဆေးရုံကြီး ဆေးကုသမှုလုပ်ငန်းများပိုမိုအဆင့်မြှင့်တင်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလမ်းညွှန်ချက်အရ ပြည်သူ့ဆေးရုံကြီးတွင် သုံးထပ်လူနာဆောင်အသစ်ဆောက်လုပ်နိုင်ရေး အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက  တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် နေပြည်တော် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါက်တာ ကျော်ဇေယျ၊ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည်  ခရိုင်ပြည်သူ့ဆေးရုံကြီး ဆေးကုသမှုလုပ်ငန်းများ ပိုမိုအဆင့်မြှင့်တင်နိုင်ရေးအတွက် စံကိုက်ခွဲစိတ်ခန်းပါရှိသော (၃)ထပ်လူနာဆောင် အသစ်ဆောက်လုပ်ရန်မြေနေရာ ကြည့်ရှုပြီး Site Plan ရေးဆွဲခြင်းနှင့် လက်ရှိအသုံးပြုနေသော နှစ်ထပ်လူနာဆောင်သို့ လူနာများ၊ အောက်ဆီဂျင်အိုးများ အတင်အချပြုလုပ်ရာတွင် လွယ်ကူအဆင်ပြေစေရန် Toolley way slope ထည့်သွင်းရန်အတွက် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မြို့နယ်(ပြန်/ဆက်)