လင်းခေး အောက်တိုဘာ၂၁
၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုသွားမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ဆက်စပ်ပစ္စည်းများ ပြည့်စုံမှန်ကန်ပြီးကောင်းမွန်မှုရှိ/မရှိ သိရှိနိုင်စေရန်ရည်ရွယ်ချက်ဖြင့် လင်းခေးမြို့နယ်နည်းပညာ အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများသည် ယနေ့ နံနက်၉နာရီခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ဆက်စပ်ပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေးခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်စဉ် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးချိုနိုင်က လင်းခေးမြို့နယ်တွင်လျာထားမဲရုံ(၃၈)ရုံ၊ လွှတ်တော်(၃)ရပ်နှင့် တိုင်းရင်းသားလူမျိုးအတွက်(MEVM)မဲပေးစက်(၂၃၆)လုံး အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ မဲပေးစက်၌ပါဝင်သည့် ပစ္စည်းစာရင်းများ၊ စစ်ဆေးချက် မှတ်တမ်းအချက်အလက်များကို ရှင်းလင်းပြသသည်။
ယင်းနောက် မြို့နယ်နည်းပညာအထောက်အကူပြုအဖွဲ့၏ မဲပေးစက်ဆိုင်ရာများစစ်ဆေးနေမှု အခြေအနေအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)