နောင်ချို အောက်တိုဘာ ၂၁
၂၀၂၅ခုနှစ်ဒီဇင်ဘာလတွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အောက်တိုဘာ ၁၉ ရက်ညနေပိုင်းကစတင်ပြီး နောင်ချိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိသည်။
နောင်ချိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများနှင့်အညီ စိစစ်ခြင်းကိုဆောင်ရွက်ခဲ့ကြပြီးဖြစ်၍ စိစစ်လက်ခံအတည်ပြုထားသော သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြောက်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်ပုံစံများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် တစ်ပြိုင်တည်း ကပ်ထားကြေညာကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်