လှိုင် အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်သူများအဖွဲ့(Book Club) နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သော တတိယအကြိမ်မြောက် စာစီစာကုံးဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ နေ့လယ်(၁)နာရီက လှိုင်မြို့နယ်ပညာရေးမှူးရုံး၊ လှိုင်ပညာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အ-မ-က(၂၃)မူလွန်ကျောင်းမှ ကျောင်းသူလေးများက လမ်းပြကြယ် သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး လှိုင်မြို့နယ်စာရေးဆရာအ သင်းနာယက ဆရာမင်းဆက်ပိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ လှိုင်မြို့နယ်စာပေချစ်သူများအဖွဲ့(Book Club)ဥက္ကဋ္ဌ ဦးသန်းကျော်မှ စာစီစာကုံးပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အ-မ-က(၂၃) မူလွန်ကျောင်းမှ ကျောင်းသူလေးများက ထာဝရသစ္စာသီချင်းဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။
ထို့နောက် အခြေခံပညာမူလတန်းအဆင့်၊အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူး ဦးညိုထွန်း၊ လှိုင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီ၊ လှိုင်မြို့နယ် စာရေးဆရာအသင်း နာယကဆရာမင်းဆက်ပိုင်၊ လှိုင်မြို့နယ် စာပေချစ်သူများအဖွဲ့(Book Club)ဥက္ကဋ္ဌ ဦးသန်းကျော်နှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို မင်္ဂလာပါသီချင်းဖြင့် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)