မိုင်းတုံ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများပူးပေါင်း၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ယင်အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ဒီနေ့ခေါ်ယူဆွေးနွေးရခြင်းသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနီးကပ်နေပြီးဖြစ်သည့်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် အပတ်စဉ်တနင်္လာနေ့တိုင်း လုပ်ငန်းဆောင်ရွက်နေမှု လုပ်ငန်းပြီးစီးမှုများကို ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးအောင်အောင်ထွန်းက မိမိတို့တာဝန်ယူထားရသည့်အပိုင်ကို အမှားမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဒေါ်နန်းနွမ်းဖောင်က မြို့နယ်ကော်မရှင်လုပ်ငန်းများ စီစဉ်ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်ကျေးစာရေးများကလည်း လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးမေမြန်းခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်