ကော့မှူး အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် တာဝန်ရှိသူများက လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ စံပြုလုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားခြင်း၊ လယ်ယာမြေကိုစိုက်ပျိုးခြင်းလုပ်ငန်းမှအပ ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း အသုံးပြုခွင့် မရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်၊ လယ်ယာမြေအားခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း ကျူးလွန် အသုံးပြုမှုများတွေ့ရှိပါက အချိန်နှင့်တစ်ပြေးညီ တားမြစ်ဆောင်ရွက်ခြင်း၊ တရားစွဲဆိုခြင်း/ ကြပ်မတ်ဆောင်ရွက်ခြင်း/ အသိပညာပေးခြင်းများဆောင်ရွက်ကြရန်၊ သတင်း ပေးပို့ကြရန်၊ ကြပ်မတ်ဆောင်ရွက်ရန်ပျက်ကွက်သည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများနှင့် တာဝန်ရှိသူအဆင့်ဆင့်အား စိစစ်ဖော်ထုတ် အရေးယူဆောင်သွားမည်ကိစ္စများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက မဲစာရင်းကိစ္စရပ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကိစ္စရပ်များအား အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ