ပုဇွန်တောင် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအပြင် မြို့နယ်အတွင်း ကော်မတီပိုင်လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်းရောင်းချမှုမရှိရေး အဖွဲ့များခွဲကာ နေ့စဉ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်အတွင်း အထက်ပုဇွန်တောင်လမ်းရှိ လိုင်စင်ရှိ ဆိုင်/လုပ်ငန်းများမှ ကော်မတီပိုင်လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်းရောင်းချမှုမရှိရေးကို ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကာ အထက်ပုဇွန်တောင်လမ်းရှိ ကော်မတီပိုင်လမ်းနယ်အတွင်း အဖီအစွယ်ကျူး၊ လမ်းနယ်ကျူးများအား ကျူးကျော်ခင်းကျင်းရောင်းချမှု မရှိစေရေးနှင့် လမ်းဘေးစျေးသည်များရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေး ဆောင်ရွက်ပေးခဲ့သည်။
ပုဇွန်တောင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျရှိစေရေး၊ ကိုဗစ်ရောဂါပြန့်ပွားမှု မရှိစေရေးတို့အတွက် ဆောင်ရွက်သည့် လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် လက်ထောက်အုပ်ချုပ်ရေးမှူးတို့မှ နေ့စဉ်အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်