ဇေယျာသီရိ အောက်တိုဘာ ၂၀
ဇေယျာသီရိမြို့နယ်အတွင်း မိုး၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပညာပေးသင်တန်းကို ယနေ့မွန်းလွဲပိုင်းက စည်ပင်သာယာကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေး စင်တာ(KC) ၌ ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) မျိုးစေ့ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယုမွန်၊ မြေအသုံးချဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်သူဇာဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးပြေသိန်းနှင့် တာဝန်ရှိသူများက မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းမပြည့်မီရသည့် အကြောင်းအရာများနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ စိုက်ပျိုးရေရရှိနိုင်ရန် ဆောင်ရွက်ရမည့်အချက်များနှင့် စိုက်ပျိုးရမည့် နည်းပညာများ၊ သဘာဝမြေဩဇာ အသုံးပြုစေရေးနှင့် သီးနှံများတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးအကြောင်းကို ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသည့် တောင်သူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)