မြစ်သားမြို့နယ်တွင် မိုးစပါးစိုက်ခင်း (၅၅၄၈၅) ဧကစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

မြစ်သား အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကင်းတားရေလှောင်တမံဆည်ရေဖြင့် မိုးစပါးစိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ခင်း (၅၅၄၈၅) ဧကစိုက်ပျိုးပြီး စိုက်ခင်းများ ​အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများအနေဖြင့် ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီ တွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် ကင်းတားရေလှောင်တမံဆည်ရေမှ စမာမြောင်း၊ ပန်းလောင်မြစ်နှင့် မြှောင်းကြီးဘောင်းမြစ်တို့မှတစ်ဆင့် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ ထိုသို့ စိုက်ပျိုးရေစနစ်တကျ ဖြန့်ဝေမှုကြောင့် ဒေသခံ တောင်သူများ စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းမှုရှိကာ ယခု ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး စိုက်ဧက (၅၅၄၈၅) ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။

မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုသည် မိုးစပါးအထွက်နှုန်းကောင်းလေ့ရှိ ပြီးပန်းတိုင်အထွက်နှုန်းလည်း ပြည့်မီကျော်လွန်ကြသဖြင့် မိုးစပါးစိုက်ပျိုးမှုဖြင့် နိုင်ငံ့စီးပွားတိုးတက်လျက်ရှိကာ တောင်သူများလည်း ထပ်တူအကျိုးခံစားရ၍ အကျိုးစီးပွားဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)