မိုင်းရယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာ 

မိုင်းရယ်   အောက်တိုဘာ    ၂၀

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အောက်တိုဘာ ၁၉ ရက် ညနေပိုင်းကစတင်ပြီး မိုင်းရယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိသည်။

မိုင်းရယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်၍ စိစစ်လက်ခံအတည်ပြုထားသော သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀)၊ ပုံစံ (၁၀-က) နှင့် ပုံစံ (၁၀-ခ) များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၁၉ ရက်တွင် တစ်ပြိုင်တည်းကပ်ထားကြေညာထားကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်