ကျောက်ဆည် အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၀၅၀)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးဝေနိုင်ရေး ငပြောင်မြောင်းမှ ရေကျအဆောက်အအုံတစ်ခု၏ ပျက်စီးနေသည့် အထက်အောက်ကျောက်ဆလံများနှင့် ကြမ်းခင်းများအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ပြုပြင်ပေးသွားမည့် ရေကျအဆောက်အအုံသည် ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ကျေးရွာအနီး ငပြောင်မြောင်း၏ ပေတိုင်အမှတ်(၂၉၆၀၀)ပေတွင်တည်ရှိပြီး ပျက်စီးနေသည့် ရေကျအဆောက်အအုံ၏ အဝင်၊ အထွက် မြေကာနံရံများ၊ ကြမ်းခင်းများအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၃၅ ဒသမ ၀၀၀) ကျပ်သန်းအကုန်အကျခံ၍ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများပြီးစီးပါက ရေကျအဆောက်အအုံ ရေရှည်တည်တံ့ပြီး သီးနှံမျိုးစုံ(၁၀၅၀)ဧကအား စိုက်ပျိုးရေများပေးဝေရာ၌ ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့် ပြည့်ဝစွာပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)