ညောင်ဦး အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှုခင်းများ ကြည့်ရှုရန် ရွှေလေတံခွန် (နီညိုရောင်) မီးပုံပျံဓာတ်ငွေ့ Balloon အဖွဲ့မှ ယမန်နေ့နံနက် ၆ နာရီ ၁၀ မိနစ်အချိန်က ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ဟိုတယ်ဇုန်(၄)မှ စတင်ပျံသန်း၍ ယခုနှစ် ဆောင်းရာသီ Balloon ပျံသန်းခြင်းများ စတင်ပျံသန်းခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်ထံက သိရသည်။
ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ကောင်းကင်ယံမှ ရှုခင်းကြည့်ရှုနိုင်ရန် Balloon စတင်ပျံသန်းခြင်းအား ရွှေလေတံခွန် (နီညိုရောင်)မီးပုံးပျံ ဓာတ်ငွေ့ Balloon အဖွဲ့မှ ပိုင်းလော့ Mr.-Gavm မောင်းနှင်သော XY-AKY နံပါတ်ပါ Balloon သည် ခရီးသည် (၁၄)ဦး လိုက်ပါစီးနင်းခဲ့ပြီး နံနက် ၇ နာရီ ၁၅ မိနစ်အချိန် သူဌေးကန်ကျေးရွာ၊ အနောက်ဘက်တွင် ဆင်းခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ဧရာဝတီမြစ် အလှရှုခင်းများ၊ ထန်းပင် ထန်းတောများ၊ အညာဒေသတွင် ပေါက်ရောက်သည့် ထနောင်းပင်များ၊ တမာပင်များ၊ ရှေးဟောင်းအဆောက်အအုံများအား ပြည်ပခရီးသွား ဧည့်သည်များဝေဟင်မှကြည့်ရှုနိုင်ရန် စီးနင်းလိုက်ပါသူများပြားကြောင်းသိရကာ ယခုနှစ် Balloon ပျံသန်းမှု ရာသီစတင်ပျံသန်းနေပြီ ဖြစ်ကြောင်းသိရသည်။
ဒီပါလင်း