မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ စွန့်လွှတ်မြေများအား (ဒုတိယအကြိမ်) ပုံစံ(၇)ပေးအပ်

အောင်မြေသာစံ အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ‌အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ အမှတ် (၂၂) စိုက်ကွင်းမှ စွန့်လွှတ်မြေများအား (ဒုတိယအကြိမ်)ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် ကော်မတီဝင်များ၊ မတ္တရာမြို့နယ် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်အောင်ထွန်းနှင့်ကော်မတီဝင်များ၊ အမှတ်(၂၂) စိုက်ကွင်းမှ တောင်သူဦးကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မတ္တရာမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ကပုံစံ(၇) ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့‌နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ အဖွဲ့ဝင် ဦးတင်မောင်ဝင်း၊ ခရိုင်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းသူအောင်၊ တွဲဖက်အတွင်း‌ရေးမှူး ဦးဇော်ဇော်လင်း၊‌ ကော်မတီဝင်ဦးသောင်းညွန့်၊မြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်အောင်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်ခိုင်နှင့်ကော်မတီဝင်များက စွန့်လွှတ်မြေများမှ တောင်သူဦးကြီးများအား ပုံစံ(၇)များ အသီးသီးပေးအပ်ကြသည်။

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီက အမှတ် (၂၂) စိုက်ကွင်းမှ စွန့်လွှတ်မြေ (၄၅၁.၉၅) ဧကမှ ပထမအကြိမ်တွင် ဦးပိုင်ပေါင်း(၄၈)၊‌ တောင်သူ (၃၉) ဦး၏‌ မြေဧက (၁၃၁.၉၄) ကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၈ရက်နေ့က ပေးအပ်ခဲ့ပြီး ယနေ့ ဒုတိယအကြိမ်တွင် ဦးပိုင်ပေါင်း (၅၂)၊ ‌တောင်သူ(၃၅)ဦး၏ မြေဧက(၁၃၅.၉၃)ကို ပုံစံ(၇)ပေး အပ်ခြင်းဖြစ်သည်။ ကျန်ရှိ‌သော စွန့်လွှတ်မြေများကို စိစစ်ကာ ပုံစံ(၇)များ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)