မိုင်းရယ်မြို့ အ.ထ.ကတွင် လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်

မိုင်းရယ် အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက ပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းရယ်မြို့နယ်ရုံး ဦးစီးအရာရှိ ဒေါ်ခင်မာလာက လူငယ်နှင့်ကျန်းမာရေး အကြောင်းသိကောင်း စရာများနှင့် ဆယ်ကျော်သက်အရွယ်ဖြစ်ပေါ်တတ်သည့် ကျန်းမာရေးများနှင့် နေထိုင်စား သောက်မှုပုံစံများအကြောင်းကို ဟောပြောပါသည်။

ယင်းနောက် နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ် စာစောင်ပြပွဲကို ပြုလုပ်ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြပြီး စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)