မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မှော်ဘီ အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာအခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မှော်ဘီမြို့နယ် မြောင်းတကာ အ-ထ-ကကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အသိပညာပေးဟောပြောပွဲတွင် မှော်ဘီမြို့နယ် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းးက စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျင်းပရခြင်းရည်ရွယ်ချက်များအား အသိပညာပေးပြောကြား၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေလင်း (စာရေးဆရာမောင်ချိုဝေ) က ခေတ်မီသောနိုင်ငံခေတ်မီသောလူမျိုးဖြစ်လာစေရန် ဆောင်ရွက်ရမည့်အမူအကျင့်များနှင့် အကောင်းအဆိုးဆင်ခြင်တုံတရားနှင့် ဆန်း သစ်တီထွင်ဖန်တီး​နေရမှာဖြစ်ပါကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူမြင့်က စာသုံးသူရေးရာအခွင့်အရေးဆိုင်ကိစ္စရပ်များနှင့် စားသုံးရန်မသင့်​သော အစားအစာများအကြောင်း ပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေလင်းက မြောင်းတကာအခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်သို့ သုတစာအုပ်များ လှူဒါန်းကာကျောင်း တာဝန်ခံဆရာမကြီး ဒေါ်ရည်ရည်မွန်က တက်ရောက်လာကြသေ ာဧည့်သည်တော်များအား ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စကားပုံဆက်ပြိုင်ပွဲ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသောသုတ /သစာအုပ်၊ စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်ထားမှုအား ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)