တံတားဦး အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြီး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း ဟောပြောရာတွင် ကျောင်းသား/ သူများအနေဖြင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းကို မပြုလုပ်ကြရန် ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ် ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ် ၊ ဆေးခြောက်အန္တရာယ် ၊ စိတ်ကြွရူးသွပ်ဆေးပြားအန္တရာယ်နှင့် လူငယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်နိုင်ရန်အတွက် အသိပညာဗဟုသုတများရရှိရေး ပြောကြားပြီး ကျောင်းသား/သူများ၏ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးကြည် ။
ထို့နောက် တံတားဦးအခြေခံပညာအထက်တန်းကျောင်း Grade -7မှ ကျောင်းသား/သူ(၂၀)ဦးမှ မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပေးပြီး ပြိုင်ပွဲဝင်များအား မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်းကြကြောင်း သိရသည်။
ရဲတင့်( ပြန်/ဆက်)