ညောင်ရွှေ အောက်တိုဘာ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် လင်းကင်းကျေးရွာအုပ်စုအတွင်း ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက လင်းကင်းကျေးရွာအုပ်စု ကန်ရွာဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက နယ်မြေလုံခြုံရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ အင်းလေးကန်ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ အသိပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးတင်ပြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆောင်ရွက်ပေးမည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ