ပန်းဘဲတန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ပန်းဘဲတန်း အောက်တိုဘာ ၁၈

ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း အ.မ.က (၃) ပန်းဘဲတန်း၌ အောက်တိုဘာ (၁၆) ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အ.မ.က (၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဖြူဖြူဝင်းက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောရာတွင် လူငယ်များသည် ငယ်စဉ်ကပင် ရည်မှန်းချက်ပန်းတိုင် ရှိရမည်ဖြစ်ပါကြောင်း၊အသိပညာပေးဟောပြောခဲ့ပြီး ကလေးများဉာဏ်ရည်ထက်မြက်စေရန် ဉာဏ်စမ်းပဟဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ လူအများရှေ့တွင် ပြောဆိုတတ်သည့်အလေ့အကျင့်ရှိစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ပြီး၊ ဂိမ်းကစားပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)