ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာ၀ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ကျင်းပ

ကျောက်တန်း အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အောက်တိုဘာလ ၁၆ ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များကို ဟောပြောကြောင်း သိရှိရသည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ဗဟုသုတရရှိစေရန် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ သဘာ၀ဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကိုလည်း ပြသခဲ့ကြောင်း သိရှိရသည်။

နေလင်းကျော် (ပြန်/ဆက်)