ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လယ်ယာမြေအား ခွင့်ပြုမိန့်မရရှိဘဲအခြားနည်းဖြင့် အသုံးပြုမူ မရှိစေရေး အသိပေး ရှင်းလင်းပြောကြား

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လယ်ယာမြေအား ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုမှုမရှိစေရေး အသိပေးရှင်းလင်း ဆွေးနွေးပြောကြားခြင်းကို အောက်တိုဘာ (၁၆) ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိထားသော တောင်သူ လယ်သမားများအနေဖြင့် လယ်ယာမြေအား ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုမှု မရှိစေရေး လယ်ယာမြေ ဥပဒေပုဒ်မ (၁၂)နှင့် (၁၃)တို့တွင် သတ်မှတ်ပြဌာန်းပါရှိသည့် စည်းကမ်းချက်များကို တက်ရောက်လာကြသူများအား အသိပေးချပြ ရှင်းလင်းဆွေးပြောကြားခဲ့ သည်။

အဆိုပါ လယ်ယာမြေအား ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုမှုမရှိစေရေး အသိပေးရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များတက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)