မလှိုင်မြို့နယ်တွင် ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး (ယူရီးယား+လက်ချား) ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်

မလှိုင် အောက်တိုဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်ကာ (ယူရီးယား+လက်ချား) ရွက်ဖျန်းအားဆေးရည်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကံကြီးကျေးရွာအုပ်စု၊ အလယ်ချောင်ကျေးရွာတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပဲစင်းငုံသီးနှံလျာထားဧက (၉၄၅၀၀)ဧက သတ်မှတ်ခဲ့ပြီ့း (၇၁၃၀၅)ဧက စိုက်ပျိုးနိုင်ခဲ့ကာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကျေးရွာအုပ်စုပေါင်း (၁၇) အုပ်စုတွင် (၁၁၆၈၀)ဧက လျာထားဆောင်ရွက်ခဲ့သည်။ မလှိုင်မြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ အလယ်ချောင်ကျေးရွာ၊ ကွင်းအမှတ်(၂၄၃)၊ ဦးပိုင်အမှတ်(၁၁/က)၊ တောင်သူ ဦးသန်းဆောင်၏ ပဲစင်းငုံစိုက်ခင်း(၅.၀၀)ဧကတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် ပန်းစတင်ပွင့်ချိန်၌ တောင်သူများ ကုန်ကျစရိတ်သက်သာပြီး ပဲမျိုးစုံသီးနှံအထွက်တိုးစေသည့် (ယူရီးယား+လက်ချား)ရွက်ဖျန်းအားဆေး ပက်ဖျန်းခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော တောင်သူ(၃၅)ဦးတို့အား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၁၅)တို့က(ယူရီးယား+လက်ချား) ရွက်ဖျန်းမြေဩဇာအထုပ်များနှင့် အသုံးပြုပုံ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ဦးစီးမှူးမှ နည်းပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မလှိုင်(ပြန်/ဆက်)