မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်း ဆောင်ရွက်

မိုးနဲ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သော အလေ့အထ ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီက မိုက်ဟိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက မိုက်ဟိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းစာကြည့်တိုက်သို့သွား ရောက်ကာ စာကြည့်တိုက်လုပ်ငန်းလည်ပတ်နေမှုအခြေအနေအားကြည့်ရှုခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်စေရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်  အခြေခံပညာမူလတန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးဓာတ်ပုံများပြသခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)