ငါန်းဇွန် အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းသည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်များလိုက်ပါလျက် အောက်တိုဘာ ၁၄ ရက် နံနက် (၁၀) နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများမှ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းခွင်များအား လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းသည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်များလိုက်ပါလျက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ပြည်သူ့ဆေးရုံ အုတ်တံတိုင်းကာရံခြင်း၊ Chain Link ပြုလုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည် တည်ဆောက်ရေးလုပ်ငန်းခွင်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုနိုင် (ပြန်/ဆက်)