မြစ်သား အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပေတောပရဟိတအခြေခံပညာ မူလတန်းကျေင်းတွင် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေး ကုဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးစောင့် ရှောက်ပေးမှုကို အောက်တိုဘာ ၁၆ ရက်နေ့ နံနက်(၉)နာရီအချိန်က ကုသပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းက ကျောင်းသား/ ကျောင်းသူများကို တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် မိုးရာသီတွင် အဓိကဖြစ်ပွားတတ်သော နှာစေးချောင်းဆိုးခြင်း၊ အစာမကြေခြင်း၊ သဲဝဲစားခြင်းနှင့် အရေပြားရောဂါများကို ကုသပေးခြင်း၊ သောက်ဆေးပေးခြင်း၊ လိမ်းဆေးပေးခြင်းများကို ကျောင်းသား၊ ကျောင်းသူ (၁၀၁)ဦးအား ကုသပေးခဲ့ကြောင်းသိရသည်။
မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကုသပေးပြီး မြို့ပေါ်ရှိစာသင်ကျောင်းများနှင့် ကျေးရွာများရှိ စာသင်ကျောင်းများကိုလည်း သတ်မှတ် ရက်များအလိုက် နယ်လှည့်ကွင်းဆင်း ကုသပေးသွား မည်ဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဝါဝါမြင့် (မြစ်သား)