မိတ္ထီလာ အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သက်တန့်ရောက်စီမံကိန်းရန်ပုံငွေဖြင့် ပန်းတော်ဆက်၊ စက်ပစ်တောင်နှင့် သဲကုန်းကျေးရွာတို့ရှိ အသင်းသားတောင်သူများ၏ နို့စားနွားမွေးမြူထားရှိမှု အခြေအနေအား သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦမျိုးအောင်နှင့် အဖွဲ့သည် အောက်တိုဘာ ၁၄ ရက်နေက ကွင်းဆင်းကြည့်ရှုအားပေးသည်။
ထိုနောက် အသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး သက်တန့်ရောင်စီမံကိန်း အကောင်အထည်ဖော်ရေး SOP နှင့် အညီဆောင်ရွက်ရန်၊ ၂ဝ၂၅ -၂ဝ၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၁ဝဝ ဖြင့် ကျေးရွာကို အခြေပြု၍ ချထားပေးခြင်းဖြစ်ကြောင်း၊ မိမိတို့မွေးမြူထားသည့် နွားများအား စနစ်တကျမွေးမြူဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။ အဆိုပါကျေးရွာမှ အသင်း(၃)သင်း ရှိ အသင်းသား ၂၁ ဦးသည် ဖီရှန်နို့စားနွား မဒန်း ၂၅ ကောင် ၊ ဇီးပါနွား ( ၂၅ ) ကောင် စုစုပေါင်း နို့စားနွား ၅ဝ ကောင် မွေးမြူထားကြောင်းသိရသည်။
ချမ်းသာ