မောက်မယ် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာ အထက်တန်းကျောင်း(မောက်မယ်)၌ အောက်တိုဘာ ၁၆ ရက်နေ့နံနက် (၉)နာရီက သင်္ချာနှင့်အင်္ဂလိပ် စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ၂၀၂၅−၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ (၁၀)ကျောင်းမှ Grade-5 မှ Grade-8 အထိကျောင်းသား/ ကျောင်းသူများ သင်္ချာနှင့်အင်္ဂလိပ် စွမ်းရည်ပြိုင်ပွဲအား(၅၀)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)