ညောင်ရွှေ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်း မင်းချောင်းကျေးရွာအုပ်စု၊ ကျေးစားကုန်းကျေးရွာအနီးရှိ ဟင်္သာတိုင်သည် လေပြင်းတိုက်ခတ်ပြီး ကျွန်းမျှောများ မျှောပါထိခိုက်မှုကြောင့် စက်တင်ဘာလ (၃၀) ရက် နံနက်ပိုင်းတွင် တိမ်းစောင်းထိခိုက်ပျက်စီးခဲ့သည်။
ထိုသို့ထိခိုက်ပျက်စီးခဲ့သည့် ဟင်္သာတိုင်အား ကျေးစားကုန်းကျောင်းဆရာတော်အမှူးပြုသော ဒကာ၊ ဒကာမများ၏ ထည့်ဝင်လှူဒန်းကုသိုလ်ပါဝင်မှုဖြင့် ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ခဲ့ရာ ယမန်နေ့အောက်တိုဘာ(၁၄)ရက် နံနက်ပိုင်းတွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ