ချောင်းဆုံမြို့နယ် ကဒါကျေးရွာ လမ်းချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ချောင်းဆုံ အောက်တိုဘာ ၁၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ နေ့စဉ်လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လမ်း၊ တံတားများ တည်ဆောက်ပေးလျက်ရှိရာ ယမန်နေ့က မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးလှမျိုးဝင်း၊ မော်လမြိုင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နေခြည်ဦးနှင့် တာဝန်ရှိသူများက ကဒါကျေးရွာ လမ်းချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို တာဝန်ရှိသူများမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မော်လမြိုင်ခရိုင်အတွင်း ပြည်နယ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကဒါကျေးရွာ၊ ရပ်ကွက်(၁၀)နှင့် (၁၁)ကြား လမ်းအကျယ် (၃.၆၆)m ရရှိရန်အတွက် တစ်ဖက်လျှင် (၀.၃)m လမ်းချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)